
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကို (၂၇) ရက်၊ (ဇွန်)လ၊ (၂၀၀၂)ခုနှစ်တွင် လွတ်လပ်သည့် သင်ကြားသင်ယူမှုနှင့် စီမံခန့်ခွဲရေးစနစ် ကျင့်သုံးသော တက္ကသိုလ်တစ်ခုအဖြစ် တည်ထောင်ပါသည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (West Yangon University) အမည်ဖြင့် တရားဝင်ဖွဲ့စည်းပြီး တက္ကသိုလ်၏ အင်္ဂလိပ် အတိုကောက် အမည်သည် (WYU) ဖြစ်သည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်၊ အရှေ့လောင်ဂျီကျူ 96° 45” E ၊ မြောက်လတ္တီကျု 16° 56′ 40” N၊ တွင် တည်ရှိပြီး (၂၄၁.၇၄) ဧက ကျယ်ဝန်းပါသည်။ အရှေ့ဘက်နှင့်မြောက်ဘက်တွင် ဝါးတရာ ကျေးရွာအုပ်စု၊ အနောက်ဘက်တွင် ထိန်ကုန်းကျေးရွာအုပ်စု၊ အရှေ့တောင်ဘက်တွင် လှိုင်သာယာမြို့နယ်တို့နှင့်ထိစပ်လျှက်ရှိပါသည်။