Ministry of Education

Background History

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကို (၂၇) ရက်၊ (ဇွန်)လ၊ (၂၀၀၂)ခုနှစ်တွင်   လွတ်လပ်သည့် သင်ကြားသင်ယူမှုနှင့် စီမံခန့်ခွဲရေးစနစ် ကျင့်သုံးသော တက္ကသိုလ်တစ်ခုအဖြစ် တည်ထောင်ပါသည်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (West Yangon University) အမည်ဖြင့် တရားဝင်ဖွဲ့စည်းပြီး  တက္ကသိုလ်၏ အင်္ဂလိပ် အတိုကောက် အမည်သည် (WYU) ဖြစ်သည်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်၊ အရှေ့လောင်ဂျီကျူ 96° 45” E ၊ မြောက်လတ္တီကျု 16° 56′ 40” N၊ တွင် တည်ရှိပြီး (၂၄၁.၇၄) ဧက ကျယ်ဝန်းပါသည်။ အရှေ့ဘက်နှင့်မြောက်ဘက်တွင်  ဝါးတရာ ကျေးရွာအုပ်စု၊  အနောက်ဘက်တွင် ထိန်ကုန်းကျေးရွာအုပ်စု၊ အရှေ့တောင်ဘက်တွင် လှိုင်သာယာမြို့နယ်တို့နှင့်ထိစပ်လျှက်ရှိပါသည်။       

 ဦးစောကျော်မင်း
ပါမောက္ခချုပ်
၂၇-၁၂-၂၀၀၁ မှ ၁၄-၂-၂၀၀၅ ထိ
ဒေါက်တာအောင်အောင်မင်း
ပါမောက္ခချုပ်
၄-၄-၂၀၀၇မှ ၂၉-၁၀-၂၀၁၁ ထိ
ဒေါက်တာခိုင်မြဲ
ပါမောက္ခချုပ်
၂၉-၆-၂၀၁၁ မှ ၁၈-၁-၂၀၁၅ ထိ
ဒေါက်တာမျိုးသိမ်းကြီး
ပါမောက္ခချုပ်
၁၉-၁-၂၀၁၅ မှ
၄-၄-၂၀၁၆ ထိ
ဒေါက်တာတင်မောင်ထွန်း
ပါမောက္ခချုပ်
၃၀-၁၀-၂၀၁၇ မှ ယနေ့ထိ